မနက်ခင်း အလင်းတစ်ခုရောက်ချိန် ကျေးငှက်ကလေးများ တေးဆိုရင်း
ဘ၀အတွက် ရုန်းဖို့သိကြတယ်
အဆုံးအဖြတ်မစောနဲ့ ကလေးရယ် နောက်ကျတော့မှ သိလာမယ်
အမှားအယွင်းများက အဆင်သင့်ပဲ
လူ့ဘ၀ဆိုတာ မင်းတွေးသလောက်မလွယ် မင်းစိတ်တွေ သန်းစွမ်းဖို့သိပ်လိုတယ်
လှည့်ကွက်အပြည့်နဲ့ လမ်းတွေအလယ် ဘ၀ဆိုတာ မင်းတွေးသလောက်မလွယ်
မင်းဘ၀ကို ရောင့်ရဲတတ်ဖို့လိုတယ် လှည့်ကွက်အပြည့်နဲ့ လမ်းတွေအလယ်
လောကကြိုးဝိုင်းထဲဝယ် အလဲကွက် အရှုံးပွဲလည်းကြုံမယ်
တစ်နေ့တော့ မင်းအလှည့်ရောက်ရမယ်
အဆုံးအဖြတ်မစောနဲ့ကလေးရယ် လောကကြိုးဝိုင်းထဲဝယ်
လှည့်ကွက်အပြည့်နဲ့ လမ်းတွေအလယ်
အညွန်း :စီးရီး-ပြည့်စုံပါစေ၊ဆို-ဘိုဖြူ ၊ရေး-အယ်နောင်း၊အယ်ဖြူ
No comments:
Post a Comment